စာကြည့်တိုက်ဌာန

နောက်ခံသမိုင်းအကြာင်း

ထားဝယ်တက္ကသိုလ်စာကြည့်တိုက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရန် ၂၀၁၆ ခုနှစ် ဧပြီလတွင် စာကြည့်တိုက်နှင့် သုတပညာမဟာဝိဇ္ဇာဘွဲ့ရ စာကြည့်တိုက်မှူး ဒေါ်ယဉ်ယဉ်အေး အားခန့်အပ် ထားခဲ့ပါသည်။ ထားဝယ်တက္ကသိုလ်စာကြည့်တိုက် ကိုလည်းခေတ်နှင့်လျော်ညီစွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၆ခုနှစ် မေလမှစတင်၍ စာကြည့်တိုက်အဆောက်အဦး နှင့် အပြင်အဆင်များကို ပြန်လည်ပြုပြင်ဖွဲ့စည်းခြင်း၊ ခေတ်မီစာအုပ်စာတမ်းများနှင့် Online/Offline Database များကို ဖြည့်ဆည်းခြင်း၊ ဝန်ထမ်းအရည်အသွေးမြှင့်တင်ရေး အစီအစဉ်များချမှတ်ဆောင်ရွက်ခြင်း၊ စာဖတ်ရှိန်မြှင့် တင်ရေး အစီအစဉ်များချမှတ်ဆောင်ရွက်ခြင်း၊ စာကြည့်တိုက်ဗဟိုပြုစနစ်မှ စာဖတ်သူ ဗဟိုပြုစနစ်သို့ ဦးတည်ဆောင်ရွက်ခြင်း၊ ခေတ်နှင့်အညီ အီလက်ထရွန်းနစ် စာကြည့် တိုက်သုံးစနစ်တပ်ဆင်ခြင်း စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

စုဆောင်းထားရှိမှုများ

ထားဝယ်တက္ကသိုလ်စာကြည့်တိုက်သည် ထားဝယ်တက္ကသိုလ်တွင် ပညာသင်ယူ နေကြသောကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သင်ကြား သင်ယူမှုနှင့် သုတေသနများပြုလုပ်ရာတွင် ထောက်ပံ့ရန်၊ ထားဝယ်တက္ကသိုလ်၏ ပညာရေးမျှော်မှန်းချက်များ ပြည့်ဝအောင်မြင်ရေး အတွက် ထောက်ပံ့ရန်ရည်ရွယ်ပါသည်။ စာကြည့်တိုက်တွင် သင်ကြားရေးပညာရပ် ဆိုင်ရာနှင့် သုတရသစာအုပ်များ၊ သုတေသနစာတမ်းများ၊ ပါရဂူကျမ်းများ၊ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များ၏ သုတေသနဂျာနယ်များ စသဖြင့် အမျိုးအစားစုံလင်စွာ စုဆောင်းထားရှိ ပါသည်။ ၎င်းတို့ကို သင်ကြားသင်ယူမှုလုပ်ငန်းများသာမက သုတေသန ပြုလုပ်ခြင်း၊ ရည်ညွှန်း လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက်လည်း အဓိက ရည်ရွယ်ထားရှိပါသည်။ ထားဝယ်ဒေသဆိုင်ရာစာအုပ်စာတမ်းများနှင့် ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းများကိုလည်း Special Collection အဖြစ် စုဆောင်းထားရှိပါသည်။ ခေတ်နှင့်အညီ စာအုပ်စာပေများနှင့် ဒစ်ဂျစ်တယ် စုဆောင်းမှုများပါထားရှိပါသည်။

စာကြည့်တိုက်၌စုဆောင်ထားရှိမှုများ

မြန်မာစာအုပ်များ ၁၁၅၇၄ အုပ်ခန့်

အင်္ဂလိပ်စာအုပ်များ ၁၈၂၇၁ အုပ်ခန့်

စာနယ်ဇင်းများ ၂၂ မျိုး

e-resources ၃၀၀၀ ခန့်

databases ၆ ခု

e-catalogue ၂၇၀၀ ခန့်

Union-catalogue ၁၄၉၇

Burma Gazetter, JBRS, Proceedings of CONSAL, MHCL, U Moe Myint Digital Library, and eTekkatho Digital Library စသော databases (၆)ခုရှိပါသည်။ ၎င်း databases များထဲမှ Burma Gazetter, JBRS, Proceedings of CONSAL, MHCL တို့ကို ထားဝယ်တက္ကသိုလ် စာကြည့်တိုက်၏ ELIB Library Automation System တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။ U Moe Myint Digital Library နှင့် eTekkatho Digital Library စသော e-resources များကို Online/Offline အနေဖြင့် e-library အခန်းတွင် ရှာဖွေလေ့လာနိုင်ပါသည်။

·         Burma Gazetteer: 13 Districts including Akyab District, Amherst District, Bhamo District, Henzada District, Lower Chindwin District, (Upper Myanmar), Mergui District, Salween District, Sandway District, Shwebo District, Tharawaddy District, Upper Chindwin District, and Mandalay District;

·         JBRS (The Journal of Burma Research Society) (1911-1977): complete set of 59 volumes;

·         Proceeding: 1st to 10th Congress of Southeast Asian Librarian (CONSAL);

·         MHCL: selective works on Myanmar History, Culture, Archaeology and Literature after Independence with their abstracts in electronic form and easilytraced with powerful research;

·         U Moe Myint Digital Library: မြန်မာသမိုင်းဆိုင်ရာစာအုပ်များနှင့် အခြားရှားပါးစာအုပ်များ

·         eTekkatho Digital Library: ဘာသာရပ်ပေါင်းများစွာ၏ academic resources ၁၇၀၀ ကျော် ရှာဖွေနိုင်

စာကြည့်တိုက်ဝန်ဆောင်မှုများ

မြေညီထပ်တွင်

● စာငှား ဝန်ဆောင်မှု

● ရည်ညွှန်းစာအုပ်များ ဝန်ဆောင်မှု

● အထွေထွေစာဖတ်ခန်း

● ကတ်တလောက်လုပ်ငန်းများပြုစုခြင်း

● e-catalogue data entry and library automation

ပထမထပ်တွင်

● အထူးစာဖတ်ခန်း

● e-catalogue သွင်းပြီးသောစာအုပ်များထားစီရာအခန်း

● သုတေသနဂျာနယ်များ၊ သတင်းစာများ၊ ထားဝယ်ရေးရာစာအုပ် စာတမ်းများနှင့်
ထားဝယ်ဒေသဆိုင်ရာ ရှေးဟောင်းပစ္စည်းများ စုဆောင်းထားရှိရာအခန်း

ထားဝယ်တက္ကသိုလ်စာကြည့်တိုက်သည် သုတေသနများပြုလုပ်ခြင်းနှင့် ပညာရပ်ဆိုင်ရာ လေ့လာခြင်းများကို ထောက်ပံ့ပေးနိုင်ရန် အောက်ဖော်ပြပါဝန်ဆောင်မှုများကို ပေးလျက် ရှိပါသည်။

စာငှားဝန်ဆောင်မှု

● ရည်ညွှန်းနှင့် သတင်းအချက်အလက်များ ဝန်ဆောင်မှု

● Special collection service

● အထွေထွေစာဖတ်ခန်း ဝန်ဆောင်မှု

● e-Library services: e-Catalog, e-Book, Online/Offline databases

● Library Orientation (စာကြည့်တိုက်အကြောင်း အကျဉ်းချုပ်
ရှင်းပြပေးခြင်း)

Librarian and its predecessors

● ဒေါ်ချိုချိုသန်း ၂၀၁၉ မှ ယနေ့အထိ

● ဒေါ်ယဉ်ယဉ်အေး ၂၀၁၆ မှ ၂၀၁၉ အထိ

● ဒေါ်ချိုချိုသန်း ၁၉၉၃ မှ ၂၀၁၆ အထိ

စာကြည့်တိုက်ဌာန ဝန်ထမ်းအင်အား

ယခုလက်ရှိ စာကြည့်တိုက်ဌာနတွင် အမြဲတမ်းဝန်ထမ်း(၆)ဦးနှင့် နေ့စား ဝန်ထမ်း(၁)ဦး ရှိပါသည်။

● လ/ထစာကြည့်တိုက်မှူး (၁)ဦး

● စာကြည့်တိုက်လ/ထ(၂) (၁)ဦး

● စာကြည့်တိုက်လ/ထ(၃) (၃)ဦး

● အခြား (၂)ဦး

ကွန်ပျူတာ၌ e-catalogues များကိုရှာဖွေနိုင်ပါသည်။

● ပထမဦးစွာ database name ရွေးပါ။ (ဥပမာ-Books, English, Myanmar, Thesis
and research paper)

● Search box ၌ စာအုပ်အမည်၊ စာရေးသူအမည်၊ ဘာသာရပ်အမည်၊ သို့မဟုတ် keyword search ဖြင့် ဝင်ရောက်ရှာဖွေနိုင်ပါသည်။

စာကြည့်တိုက်ဖွင့်ချိန်

● မနက် ၉နာရီ ၃၀ မှ ညနေ ၄နာရီ ၃၀ အထိ (တနင်္လာနေ့မှ
သောကြာနေ့အထိ)

● အစိုးရရုံးပိတ်ရက်များတွင် စာကြည့်တိုက်ပိတ်သည်။

စာကြည့်တိုက်သို့ဆက်သွယ်ရန်

● e-Mail : lib.daweiuni@gmail.com

● facebook : @library.daweiuniversity (ထားဝယ်တက္ကသိုလ်စာကြည့်တိုက်)