
ဒေါက်တာချိုချိုမြင့်
ဒုတိယပါမောက္ခချုပ်
M.A, Ph.D
ဆက်သွယ်ရန်လိပ်စာ
E-mail: drchochomyint@daweiuniversity.edu.mm, myintchocho741@gmail.com
ပညာရေး
- ၂၀၀၄- ရန်ကုန်တက္ကသိုလ်၊ ပါရဂူဘွဲ့
- ၁၉၈၂- ဝိဇ္ဇာဘွဲ့၊ ၁၉၈၃- ဝိဇ္ဇာ(ဂုဏ်ထူး)၊ ၁၉၈၉- မဟာဝိဇ္ဇာဘွဲ့၊ ရန်ကုန်တက္ကသိုလ်။
- ၂၀၀၅- ရန်ကုန်တက္ကသိုလ်၊ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုပညာဒီပလိုမာ(DTSM)
လုပ်ငန်းအတွေ့အကြုံ
- ၂၀-၁၁-၂၀၁၇ မှ ယနေ့အထိ ဒုတိယပါမောက္ခချုပ်၊ ထားဝယ်တက္ကသိုလ်။
- ၁-၁၂-၂၀၁၆ မှ ၁၇-၁၁-၂၀၁၇ အထိ ပါမောက္ခ၊ မြန်မာစာဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်။
- ၁၇-၇-၂၀၀၇ မှ ၃၀-၁၁-၂၀၁၆ အထိ ပါမောက္ခ၊ မြန်မာစာဌာန၊ မန္တလေးအဝေးသင်တက္ကသိုလ်။
- ၂၇-၉-၂၀၀၅ မှ ၁၆-၇-၂၀၀၇ အထိ တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်။
- ၃-၇-၂၀၀၀ မှ ၂၆-၉-၂၀၀၅ အထိ ကထိက၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်။
- ၁၄-၉-၁၉၉၉ မှ ၃၀-၆-၂၀၀၀ အထိ ကထိက၊ မြန်မာစာဌာန၊ တောင်ကြီးတက္ကသိုလ်။
- ၁၁-၆-၁၉၉၈ မှ ၁၃-၉-၁၉၉၉ အထိ လ/ထကထိက၊ မြန်မာစာဌာန၊ တောင်ကြီးတက္ကသိုလ်။
- ၅-၈-၁၉၉၄ မှ ၁၀-၆-၁၉၉၈ အထိ လ/ထကထိက၊ မြန်မာစာဌာန၊ ဒဂုံတက္ကသိုလ်။
- ၂၂-၁၁-၁၉၉၃ မှ ၄-၈-၁၉၉၄ အထိ နည်းပြ၊ မြန်မာစာဌာန၊ ဒဂုံတက္ကသိုလ်။
- ၁၄-၁၀-၁၉၉၁ မှ ၁၇-၁၁-၁၉၉၃ အထိ နည်းပြ၊ မြန်မာစာဌာန၊ မြစ်ကြီးနားဒီဂရီကောလိပ်။
- ၁-၁၁-၁၉၈၆ မှ ၈-၁၀-၁၉၉၁ အထိ နည်းပြ၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်။
သုတေသနစာစောင်များတွင် ပါဝင်ရေးသားခြင်း
၁။ A Study of the Verbal Description of the Duck poem by Zawgyi, Universities Research Journal, Dec,2009, Vol.2. No.7, Page 107-111
၂။ A Study on Suffix ‘Tar ‘ in Myanmar Language, Universities Research Journal, Dec, 2012, Vol.5. No.7, Page 9-15
၃။ ရှေးကဗျာများ၏ကဗျာဖွဲ့စည်းမှု, M.A.A.S, June, 2006, Vol.Iv.No.7, Page 15-38
၄။ ဒေ၀ကုမ္ဘန်ပြဇာတ်ဖြစ်စဉ်ခင်းကျင်းမှုကို လေ့လာခြင်း, M.A.A.S, July, 2007, Vol.V. No6A, Page 147-170
၅။ ဣန္ဒာ၀ံသနန်းတွင်းဇာတ်တော် ကြီး၏ အခင်းအကျင်း, M.A.A.S, June,2008, Vol.VI. No6A, Page 61-78
၆။ ကိုးခန်းပျို့မှ အသံသရုပ်ဖော်မှု လေ့လာချက်, M.A.A.S, June, 2010, Vol.VIII. No7A, Page 297-310.
၇။ ခေတ်သစ်ဆန်းပြီပြဇာတ် အခင်းအကျင်း, M.A.A.S, March, 2012, Vol.X, No.7, Page 257-274
၈။ ခလောက်နို့ ပုံပြင်များ၏ ဟာသအမြင်များ, M.A.A.S, June, 2016, Vol. XIV,No.6, Page 381-396.
သုတေသနလုပ်ငန်းလုပ်ဆောင်ခြင်း
- လုပ်ငန်းသုံးမြန်မာစာ (၂၀၀၃-၂၀၀၆)၊ တွဲဖက်ပါမောက္ခ၊ မြန်မာစာ၊ ရန်ကုန်တက္ကသိုလ်။
- ရှေးပြဇာတ်များ၏ ဖြစ်စဉ်ခင်းကျင်းမှုကို လေ့လာခြင်း (၂၀၀၅-၂၀၀၆)၊ တွဲဖက်ပါမောက္ခ၊ မြန်မာစာ၊ ရန်ကုန်တက္ကသိုလ်။
- သရဘင်္ဂဇာတ်တော်စကားပြေရေးဟန်လေ့လာချက်(၂၀၀၇)၊ ပါမောက္ခ၊ မြန်မာစာ၊ မန္တလေးအဝေးသင်တက္ကသိုလ်။
- ကိုးခန်းပျို့မှ အသံသရုပ်ဖော်မှုလေ့လာချက် (၂၀၀၈)၊ ပါမောက္ခ၊ မြန်မာစာ၊ မန္တလေးအဝေးသင်တက္ကသိုလ်။
- ခေတ်သစ်ဆန်းပြီပြဇာတ် အခင်းအကျင်းလေ့လာချက် (၂၀၀၉)၊ ပါမောက္ခ၊ မြန်မာစာ၊ မန္တလေးအဝေးသင်တက္ကသိုလ်။
- တာ နောက်ဆက်လေ့လာချက် (၂၀၁၀-၂၀၁၃)၊ ပါမောက္ခ၊ မြန်မာစာ၊ မန္တလေးအဝေးသင်တက္ကသိုလ်။
- မြန်မာစာပေလာပုံပြင်များ၏ အခန်းကဏ္ဍ (၂၀၁၂-၂၀၁၃)၊ ပါမောက္ခ၊ မြန်မာစာ၊ မန္တလေးအဝေးသင်တက္ကသိုလ်။
- ခလောက်နို့ပုံပြင်များလာ အတွေးအမြင်များလေ့လာချက် (ကရင်ပုံပြင်) (၂၀၁၃-၂၀၁၄) ပါမောက္ခ၊ မြန်မာစာ၊ မန္တလေးအဝေးသင်တက္ကသိုလ်။
- ကဗျာဖွဲ့စည်းမှုလာ အဆက်အစပ်ကဏ္ဍလေ့လာချက်(၂၀၁၅-၂၀၁၆) ပါမောက္ခ၊ မြန်မာစာ၊ မန္တလေးအဝေးသင်တက္ကသိုလ်။
- တင်တင့်ပြဇာတ်များ အခင်းအကျင်းလေ့လာချက် (၂၀၁၆-၂၀၁၇)၊ ပါမောက္ခ(ဌာနမှူး)၊ မြန်မာစာ၊ မန္တလေးအဝေးသင်တက္ကသိုလ်။
ပညာရေးလှုပ်ရှားမှုများ
(၁) ပြဌာန်းစာအုပ်ပြုစုခြင်း
- လုပ်ငန်းသုံးမြန်မာစာ – မ-၁၀၀၂၊ ပထမနှစ်၊ မြန်မာစာ – မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်။
- မြန်မာရိုးရာပုံပြင်များ – Text and Study Guide – မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်။
(၂) နိုင်ငံခြားခရီးစဉ်များ
- ၁၉-၅-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိ ထိုင်းနိုင်ငံ၊ Mae Fah Laung University တွင် Tourism Management Intensive Course တက်ရောက်ခြင်း။
- ၁၃-၅-၂၀၁၅ မှ ၁၇-၅-၂၀၁၅ အထိ ထိုင်းနိုင်ငံ၊ Mae Fah Laung University သို့ Excursion သွားခြင်း။
- ၂၃-၇-၂၀၁၅ မှ ၂၄-၇-၂၀၁၅ အထိ ထိုင်းနိုင်ငံ၊ Mae Fah Laung University တွင် Symposium တက်ရောက်ခြင်း။
- ၁၇-၄-၂၀၁၇ မှ ၂၁-၄-၂၀၁၇ အထိ ထိုင်းနိုင်ငံ၊ Chaing Mai University သို့ Excursion သွားခြင်း။
- ၃၀-၁၁-၂၀၁၈ မှ ၃-၁၂-၂၀၁၈ အထိ ထိုင်းနိုင်ငံ ၊ Kanchanaburi Rajabhat University တွင် Pre-Discussion တက်ရောက်ခြင်း။
- ၁-၁၁-၂၀၁၉ မှ ၂၃-၁၁-၂၀၁၉ အထိ အိန္ဒိယနိုင်ငံ၊ National Institute of Educational Planning & Administration (NIEPA) မှ INTERNATIONAL PROGRAMME IN EDUCATIONAL MANGEMENT FOR EDUCATIONAL ADMINISTRATIORS FROM MYANMAR တက်ရောက်ခြင်း။
(၃) အခြားပြည်ပ/ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု
- ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစ၍ TIDE Project – Focal Leads
- ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစ၍ Change Management – Focal Leads
- ၂၀၁၈ ခုနှစ်မှစ၍ Quality Assurance Unit – Focal Leads
- (၈-၆-၂၀၁၈ မှ ၅-၁၁-၂၀၁၉ )ရက်နေ့တွင် ရေအခက်အခဲရှိသော ထားဝယ်တက္ကသိုလ်အတွက် Gravity water flow system ဖြင့် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းအား စတင်ရှာဖွေခဲ့ပြီး အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။
- ထားဝယ်တက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသား/သူများကို အလုပ်အကိုင် အခွင့်အလမ်း နှင့် ချိတ်ဆက်မိစေရန် ရည်ရွယ်၍ Eco-tourism နှင့် ထိုင်းဘာသာစကား လက်မှတ်ရ သင်တန်းတိုများကို ၂၀၁၈ ခုနှစ်မှ စ၍ စမ်းသပ်ဖွင့်လှစ်ပေးခဲ့သည်။
- (၃၀-၁၁-၂၀၁၈ မှ ၃-၁၂-၂၀၁၈)ရက်နေ့တွင် ထားဝယ်တက္ကသိုလ် နှင့် Kanchanaburi Rajabhat University အကြားနားလည်မှု စာချွန်လွှာရေးထိုးနိုင်ရန်အတွက် MoU Pre-discussion meeting ကို ထိုင်းနိုင်ငံတွင် တက်ရောက်ခဲ့သည်။
- စက်တင်ဘာလ၊ ၂၀၁၈ တွင် Smoke Free University ထူထောင်နိုင်ရေး Workshop ကို ဒေါက်တာခင်မေအောင်(ဒုတိယပါမောက္ခချုပ်)နှင် ဒေါက်တာချိုချိုမြင့်(ဒုတိယပါမောက္ခချုပ်)တို့ တက်ရောက်ပြီး အောက်တိုဘာလ၊ ၂၀၁၈တွင် Project တင်သွင်းခဲ့သည်။ ဒီဇင်ဘာလ၊ ၂၀၁၈ တွင် Project အမည်ရွေးခံရသဖြင့် ထားဝယ်တက္ကသိုလ်ကို Smoke Free University ဖြစ်ရေးအတွက် စီမံချက်အရ ဦးဆောင် အကောင်အထည်ဖော်ခဲ့သည်။
- (၁၃-၆-၂၀၁၉)ရက်နေ့တွင် ထားဝယ်တက္ကသိုလ်ကို Smoke Free University အဖြစ် ကြေညာခြင်း အခမ်းအနားကို တိုင်းအစိုးရဖွဲ့ဝန်ကြီးချုပ် က ဖွင့်လှစ်ပေးခဲ့သည်။
- (၆-၁-၂၀၁၉ မှ ၃၁-၈-၂၀၂၀) ရက်နေ့ထိ Change Management ၏ Employer Enjoyment Project အရ ထားဝယ်ဒေသအတွက် အထူးလိုအပ်သော Tourism Management သင်တန်း၊ ထိုင်းဘာသာစကားပြောသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းများနှင့် ရုံးစာရေးနည်းသင်တန်းများကို အောင်မြင်စွာဖွင့်လှစ်ခဲ့သည်။
- (၆-၁၂-၂၀၁၉)ရက်နေ့တွင် ထားဝယ်တက္ကသိုလ်၊ ထားဝယ်နည်းပညာတက္ကသိုလ်၊ ထားဝယ် ပညာရေးကောလိပ် ၊ ထားဝယ်ကွန်ပျူတာတက္ကသိုလ်တို့သည် ထားဝယ်တက္ကသိုလ် အစည်းအဝေးခန်းမတွင် MoU လက်မှတ်ရေးထိုးပွဲ ပြုလုပ်နိုင်ခဲ့သည်။
- (၉-၁၂-၂၀၁၉)ရက်နေ့တွင် ထားဝယ်တက္ကသိုလ်နှင့် ထိုင်းနိုင်ငံကန်ချာနာပူရီရာဂျာဘတ် တက္ကသိုလ်တို့အကြား MoU လက်မှတ်ရေးထိုးပွဲပြုလုပ်ခဲ့သည်။
- (၂၁-၂-၂၀၂၀)ရက်နေ့ ထားဝယ်တက္ကသိုလ်၏ ”ကြွေရတုမွေးနေ့” တွင် သုတေသနညီလာခံ ကျင်းပခြင်း ၊ ဘာသာရပ်ပြခန်းများနှင့် ဌာနအလိုက် ဥယျာဉ်အလှဖော်ထုတ်ခြင်းများ၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များနှင့်ပူးပေါင်း၍ product show များပြသခြင်း တို့ဆောင်ရွက်ခဲ့သည်။