မြန်မာစာဌာန၏သမိုင်းအကျဉ်း
တနင်္သာရီတိုင်းဒေသကောလိပ်ကို ၁၉၇၇ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းစတင်သည့်ကာလမှာပင် မြန်မာစာဌာနလည်း တည်ရှိခဲ့သည်။ ဒေါ်သန်းသန်း (ယခု ဒေါက်တာဒေါ်သန်းသန်း (ငြိမ်း)၊ ပါမောက္ခ၊ ဌာနမှူး၊ ဒဂုံတက္ကသိုလ်)က လက်ထောက်ကထိကရာထူးဖြင့် ဌာနမှူးတာ၀န်ကိုတစ်ဦးတည်း ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်သန်းသန်း သည် ၁၉၇၇မှ ၁၉၈၂ အထိ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် စာပေနှင့်ယဉ်ကျေးမှု ကော်မတီ ဥက္ကဌအဖြစ် ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပွဲများ ကျင်းပပေးနိုင်ခဲ့သည်။ ၁၉၇၈-၇၉ခုနှစ်တွင် ကျောင်းနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပဒေသာကပွဲကို စည်စည်ကားကား ကျင်းပပေးနိုင်ခဲ့သည်။
၁၉၇၇-၇၈ပညာသင်နှစ်တွင် ဒေါ်သန်းသန်းသည် ဝိဇ္ဇာတွဲများတွင် မြန်မာစာဘာသာရပ်ကို သင်ကြားပြီး၊ ၁၉၇၈-၇၉ ပညာသင်နှစ်မှစ၍ သိပ္ပံ(သင်္ချာ)၊ သိပ္ပံ(Bio) ဝိဇ္ဇာတွဲ၊ ၃ခုတွင် သင်ကြားပေးခဲ့ရပါသည်။
ယခုအခါ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် သမီးများဖြစ်သော ဒေါက်တာအိသူအောင်၊ ဒေါက်တာဖြိုးသူဇာအောင်တို့နှင့်အတူ နေထိုင်လျက်ရှိပါသည်။
လက်ရှိ ပါမောက္ခ၊ ဌာနမှူးမှာ ဒေါက်တာကြူကြူမြင့်ဖြစ်ပြီး ပါမောက္ခမှာ ဒေါက်တာမွန်မွန်အောင် ဖြစ်သည်။ တွဲဖက်ပါမောက္ခ(၄)ယောက်၊ ကထိက(၉)ယောက်၊ လက်ထောက်ကထိက(၂)ယောက်၊ နည်းပြ(၁)ယောက် စုစုပေါင်း(၁၈)ယောက် ရှိပါသည်။ ယခုလက်ရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပို့ချလျက်ရှိသော သင်တန်းများမှာ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ ပထမနှစ် ဂုဏ်ထူးတန်း၊ စတုတ္ထနှစ်၊ မဟာအရည်အချင်းစစ်တန်း၊ မဟာဝိဇ္ဇာ ပထမနှစ် (ဘာသာ)၊ မဟာဝိဇ္ဇာ ဒုတိယနှစ် (ဘာသာ) အတန်း တို့ဖြစ်သည်။ ၂၀၀၀မှ ၂၀၂၀ခုနှစ်အထိ ဘွဲ့ရကျောင်းသားဦးရေမှာ B.A (Myanmar) ဘွဲ့ (၇၄)ယောက်၊ B.A (Hons)ဘွဲ့ (၂၉)ယောက်၊ M.A(Myanmar)ဘွဲ့ (၅၈)ယောက်၊ MR.es (၉)ယောက်ဖြစ်ပါသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက်ရောက်လျက်ရှိသော ကျေိာင်းသားဦးရေ မှာ (၄၇၄)ယောက် ဖြစ်ပါသည်။
စဉ် | အမည် | ရာထူး/ဌာန | ပညာအရည်အချင်း | |
---|---|---|---|---|
1 | Dr ကြူကြူမြင့် | ပါမောက္ခ(ဌာနမှူး)မြန်မာစာဌာန | BA (Myanmar), BA(Hons)(Myanmar), MA (Myanmar), PhD (Myanmar)(Literature) | drkyukyumyint@gmail.com |
2 | Dr မွန်မွန်အောင် | ပါမောက္ခ၊ မြန်မာစာဌာန | BA (Myanmar),MA (Myanmar Studies), PhD (Linguistics), Dip in English | drmonaung@gmail.com |
3 | Dr. အေးနုကြည် | တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာန | BA(Hons) (Myanmar),MA (Myanmar), PhD (Myanmar)(Literature) | - |
4 | Dr စုစုနွယ် | တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာန | BA(Hons) (Myanmar),MA (Myanmar), PhD (Myanmar)(Literature) | drsusunwe742@gmail.com |
5 | Dr ဇွန်ပွင့်ရွှေ | တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာန | BA(Hons) (Myanmar),MA (Myanmar), PhD (Linguistics) | zunpwintshwe00@gmail.com |
6 | Dr.မျိုးမင်း | တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာန | BA(Hons) (Myanmar),MA (Myanmar), Mres (Myanmar), PhD (Linguistics) | myomin112019@gmail.com |
7 | ဦးဥာဏ်သိန်း | ကထိက၊ မြန်မာစာဌာန | BA (Myanmar), BA(Hons)(Myanmar), MA (Myanmar)(Literature) | - |
8 | Dr ဇော်မိုး၀င်း | ကထိက၊ မြန်မာစာဌာန | BA (Myanmar), BA(Hons)(Myanmar), MA (Myanmar), PhD ((Linguistics) | zawmoewin313@gmail.com |
9 | Dr သီတာ | ကထိက၊ မြန်မာစာဌာန | BA (Myanmar), BA(Hons)(Myanmar), MA (Myanmar), PhD (Linguistics) | tdthida34@gmail.com |
10 | Dr မိုးမိုးစန်း | ကထိက၊ မြန်မာစာဌာန | BA (Myanmar), BA(Hons)(Myanmar), MA (Myanmar), PhD (Linguistics) | rainrainflower @gmail.com |
11 | ဒေါ်တင်မွှေး | ကထိက၊ မြန်မာစာဌာန | BA (Myanmar), BA(Hons)(Myanmar), MA (Myanmar)(Literature) | HmweHmwe @gmail.com |
12 | Dr ထားထားလွင် | ကထိက၊ မြန်မာစာဌာန | BA (Myanmar), BA(Hons)(Myanmar), MA (Myanmar),MRes(Myanmar), PhD (Literature) | ngengeedu@gmail.com |
13 | ဒေါ်လှသိင်ဂီအောင် | ကထိက၊ မြန်မာစာဌာန | BA (Myanmar), BA(Hons)(Myanmar), MA (Myanmar)(Linguistics) | hlatheingiaung1946@gmail.com |
14 | Dr အိအိသိမ့် | ကထိက၊ မြန်မာစာဌာန | BA (Myanmar), MA (Myanmar), MRes(Myanmar), PhD (Linguistics) | eiei.bg1981@gmail.com |
15 | Dr ကေခိုင်ငြိမ်း | ကထိက၊ မြန်မာစာဌာန | BA (Myanmar), BA(Hons)(Myanmar), MA (Myanmar), PhD (Myanmar) | |
16 | Dr ၀င်းဗိုလ် | လက်ထောက်ကထိက၊ မြန်မာစာဌာန | BA (Myanmar), MA (Myanmar), MRes(Myanmar), PhD (Myanmar) (Literature) | paragu.winbo@gmail.com |
17 | ဦးကျော်စိုးပိုင် | လက်ထောက်ကထိက၊ မြန်မာစာဌာန | BA (Myanmar), MA (Myanmar), MRes(Myanmar)(Literature) | 1978thetpaingsoe@gmail.com |
18 | ဒေါ်သန္တာမိုး | နည်းပြ၊ မြန်မာစာဌာန | BA (Myanmar), MA (Myanmar) (Literature) | cholwin32@gmail.com |